အိပ်ယာအသစ်နဲ့ အိပ်ချင်လို.
    ကောင်းကင်ဆီ ထွက်ပြေးခဲ့တာ
    မခံချင်စရာ အဖြစ်တွေနဲ့
    နာကျင်စရာ ဒဏ်ရာတွေပဲရတယ်
    အချစ်ဆုံးသူတွေကိုတောင်
    ဖွင့်ဟမပြောနိုင်ခဲ့တဲ့ အဖြစ်ဆိုး........................

အများရှေ.မှာတော့ ခေါင်းမော့နေခဲ့တယ်
    စိတ်ဓါတ်ခိုင်မာသူအဖြစ်နဲ့
    တကယ်တော့
    စိတ်အားငယ်တတ်သူရယ်ပါ
    လှိုင်းပုတ်သံတိုးတိုးလေးမှာတောင်
    အများကြီးပြိုကျနေတာ လူမသိသူမသိ....................
 
...........ရဲ့ စကားလုံးတွေအောက်မှာ
    နာကျင်မှုတွေ မျိုသိပ်ရလွန်းလို.
    မျက်ရည်တွေကျမလာနိုင်တော့တာကိုတောင်
    မအံ့သြချင်တော့ဘူး............................

အကောင်းအဆိုးတွေ မမြဲတာသိပေမယ့်
    ကျနော့အတွက်တော့..........................



ကျနော်တို့အိမ်မှာ မ
န္တလေးကယူလာတဲ့ခွေးစုတ်ဖွားလေး(ကျနော်တို့အခေါ် မဂျင်နီ) ကနေမွေးလာတဲ့
သမီးလေး ပြည့်ပြည့်ဆိုတာရှိတယ်။ သူ့ကိုလည်းခွေးတို့သဘာဝအတိုင်း
အာဝါဟ၀ိဝါဟလုပ်ပြီး သကာလ မွေးလာတော့ ကလေးလေးတွေ(၅) ကောင်တောင်။
ကလေးတွေအများကြီးမွေးရလို.ပြည့်ပြည့်ခမျာမှာလည်း
နှလုံးရောဂါရပြီးမောမောနေပါလေရော ဒါတင်မကသေးဘူး နှာရည်တရွဲရွဲနဲ့
အအေးမိသလိုဖျားသလို အမြဲဖြစ်
နေတော့တာ......ကျနော်တို.မိသားစုထုံးစံအတိုင်း ခွေးကိစ္စဆို
ကိုယ်ကိစ္စထက်ဦးစားပေးနေကျဆိုတော့ ၀ိုင်းပြီး
ဂရုစိုက်ကြ ဆေးခန်းပြကြနဲ့ပေါ့ ။မသက်သာပါဘူး။ဒါပေမယ့် ၁၀
ရက်လောက်လဲကြာရော အဲ့ရောဂါပျောက်သွား
တယ်ဗျ။ ဆေးခန်းပြတုန်းကမပျောက်ပဲအခုမှပျောက်တယ်ဆိုပြီး
တစ်မိသားစုလုံးဝမ်းသာနေကြတာပေါ့။နောက်မှ
ဖေဖေက ငါ.....မင်းတို့ကိုမပြောပဲ ၀ီစကီနဲ့
အောင်တမန်ဆေးကိုရောပြီးတိုက်လိုက်တာ တဲ့။ မသေကောင်း မပျောက်ကောင်းနော်
ခွေးနဲ့လူသဘောသဘာဝ တူမှမတူတာ.....ကျနော့်ဖေဖေက အဲ့လို...............
ကျနော့်ဖေဖေက တစ်ဦးတည်းသားပေမယ့် သူ့ရဲ့ဇာတိဖြစ်တဲ့
အုတ်တွင်းမြို.လေးမှာတော ၀မ်းကွဲမောင်နှမတွေကတော့ အများသား
...သူတို.တွေကချစ်လည်းချစ်ကြတယ် ဖေဖေ လာပြီဆိုရင်ကို ပျော်နေကြတာ။
ဖေဖေတို.မောင်နှမတွေထဲမှာ ညီမ အပျိုကြီး တစ်ယောက်ရှိတယ်။ ကျနော်တို. အခေါ်
အန်တီစိုး ပေါ့ သူကတိရစ္စာန်တွေကို အရမ်းချစ်တတ်တာ။ သူချစ်တာကမှ
ကျနော်တို.မိသားစုလို ခွေးကိုတောင်မဟုတ်ဘူး ကြက်၊ ဘဲ၊ ၀က်၊ခွေး၊ကြောင်
အကုန်ကိုချစ်တာ။ သူတို့အိမ်မှာဆိုရင်ကြောင်တွေ
ကြက်တွေက လူထမင်းစားနေရင် စားပွဲခုံပေါ်ထိကို လိုက်တက်ပြီးတော့တောင်းတာ။
အန်တီတို.အိမ်က
တိရစ္စာန်ရုံကြီးလို.ကျနော်ကစတိုင်း စိတ်ဆိုးသေးတယ်။
သူအိမ်ရောက်တော.သ.ူကြက်ဖကြီး နေမကောင်းလို.စိတ်ညစ်နေတယ်တဲ့ အဲံဒါနဲ.ဖေဖေက
ငါကုပေးမယ်ဆိုပြီး ကျနော်တို.ခွေးလိုပဲ အရက်နဲ့
အောင်တမန်တွေနဲ. တိုက်လိုက်ပါလေရော ........ကြက်ဖကြီးခမျာမှာ
အမူးသမားခြေလှမ်းတွေနဲ့ လေးငါး
လှမ်းလောက်လျှောက်ပြီး ၀ိုင်းကြီးပတ်ပတ်ဒူဝေေ၀လုပ်ပြီး
ဘုံးဘုံးလဲကျကာသေရှာပါလေတော့သတည်း..
ကျနော်တို.သားအဖလည်း အခြေအနေမကောင်းတာသိလို. ယောင်မလည်နဲံ
အိမ်ဘက်ကိုပြန်လာလိုက် တယ်။ နောက်မှသိရတာက အရက်တွေက ၀ီစကီမဟုတ်ပဲ
အလွယ်ရတဲံ့ မီးတောက်တွေတဲ့ဗျား..........
တိုက်လိုက်တဲ့ပမာဏ ကိုလည်းကြည့်အုံး
အကြမ်းပန်းကန်လုံးနဲံတစ်လုံးတဲံ့.................
.....................သနားလိုက်ပါဘိ ကိုရွှေကြက်.......................

မတက်ရရင်တော့၊ တစ်သက်ပါ့ မခံပေါင်တဲ့။
ကနစို တုံးတိုသစ်က၊ ကြွေးဟစ်ရန်ထောင်။
မနက်က အသေကောင်
သူတောင်မှ တက်နိုင်သေး။
ငါတုံးတို ကနစိုသားပေပါ့
ချောင်းဖျားကို ခါတစ်ခေါက်
ရောက်ရမယ်လေး တဲ့။

ဒီချောင်းမှာ ဒီတရားတဲ့
ကြားမှာပေါ့ ကျူရိုးရှင်။
ကနစို တုံးပျိုလှကို၊ နားချပါရှင်။
ဒီချောင်းကို ၀င်မိလျှင်
မထင်နဲ့ တစ်ခေါက်တည်း။
တက်တုံ သက်တုံနဲ့
တက်မကုန် သက်မစဲ၊ မောလောက်အောင်ပဲ။

ဒီချောင်းမှာ ဒီတရားတဲ့
ကြားမှာပေါ့ ကျူရိုးရှင်။
ကနစို တုံးပျိုလှကို၊ နားချပါရှင်။
ဒီချောင်းကို ၀င်မိလျှင်
တက်ချိန်တွင် ဆင်းနိုင်ပဲ။
ဆင်းချိန်မှာ တက်လိုလည်း၊ စောင့်ရစမြဲ။

မနက်က တက်တဲ့ဒီ၊ မမီလိုက်လေလည်း။ညဦးယံ ဒီပြန်တက်ပါလိမ့်
တက်စရာ ခက်ပါပဲ၊ ပန်းဗေဒါ နည်း။


ဆရာကြီးဇော်ဂျီရေးတဲ့ ဗေဒါလမ်း ကဗျာတွေထဲက ကဗျာတစ်ပုဒ်ပါ။
လေးစားရတဲ့သူတစ်ယောက်ရဲ့ အဖြစ်အပျက်တွေနဲ့အတူခံစားမိလို.ပါ။

 
အစိမ်းရောင် ရက်စွဲများ © 2008. Template Design By: SkinCorner