အခုတစ်လော တော်တော်စိတ်ပျက်ဖို.ကောင်းတယ်။ သူများစိတ်နဲ့ ကိုယ့်ကိုယ်ဖြစ်နေရတယ်။
တာဝန်ဆိုတဲ့ ဝေါဟာရကြောင့်ရယ်၊ သူများတောင်းဆိုတာကို အလွယ်တကူ
မငြင်းတတ်တဲ့ ကိုယ့်ရဲ့သဘောလွယ်မှုတွေကြောင့်
အဆင်မပြေမှုတွေတော်တော်လေးကြူံနေရတယ်။
တကယ်တော့ ကိုယ်လည်းဆန္ဒတွေရှိနေတာပါပဲ။ ဘယ်သူမှကိုယ်ကို ဦးစားပေးစဉ်းစားတာ
အခုထိမရှိလို.တော်တော်ဝမ်းနည်းမိတယ်။တကယ်လုပ်ချင်နေတာနဲ့ လုပ်နေရတာ
ဆန့်ကျင်ဘက်တွေပဲ။
သူငယ်ချင်းတွေလဲ အလိုမရှိဘူး၊ ဘယ်သူ့ကိုမှ မလိုချင်ဘူး၊ ဖြစ်နိုင်ရင်
တစ်ယောက်တည်း ခနလောက်လေး
နေချင်တယ်၊"ဘယ်သူမှ ငါ့ဆန္ဒကိုထည့်မစဉ်းစားပေးကြနဲ့" လို.ပဲအကြိမ်ကြိမ်ရေရွတ်နေရတယ်။
 
အစိမ်းရောင် ရက်စွဲများ © 2008. Template Design By: SkinCorner