ဒီနေ.မသွားချင်ဆုံးနေရာကိုထပ်သွားရပြန်ပါတယ်။
ပျော်စရာမဟုတ်တဲ့ အဖြေပါပဲ။
စိတ်ဓါတ်ကျစရာတွေ ၊၀မ်းနည်းရတာတွေ၊အခုတလောဆက်တိုက်ဖြစ်နေရတယ်။
လောကကြီးမှာ တစ်သက်လုံး ကံမကောင်းနိုင်တဲ့သူဆိုတာ၇ှိလား။
တစ်ခါတစ်လေ ပေါက်ကွဲပစ်ချင်တယ်။
လမ်းသွားရင်ရှေမှာ ဖြေးဖြေးသွားတဲ့သူတွေကိုလည်းမုန်းတယ်။
ကားပေါ်ကဆင်းခါနီးမှာ ဆင်းမှာလားလို.နောက်ကမေးတဲ့သူတွေကိုလည်းမုန်းတယ်။
မြန်မြန်လုပ် မြန်မြန်လုပ် လို.ပြောပြောနေတဲ့သူတွေကိုလည်းမုန်းတယ်။
ဥပုသ်နေ.တိုင်း နင်ဥပုသ်ရလားလို.လာလာမေးတတ်တဲ့ အမကြီးကိုလည်းမုန်းတယ်။
ရရမရရသူ့ ကိစ္စမှမဟုတ်တာ။တကယ်တော့သူက မနာလိုနေတာ မုန်းတယ်။
နင်ကတာဝန်မကျေဘူး သူငယ်ချင်းတွေအပေါ် လို.ပြောတဲ့ သူငယ်ချင်းကိုလည်းမုန်းတယ်။
သူ့ကိုဘယ်တုန်းကမှ တာဝန်ကျေပါ့မယ်လို.လည်းဂတိမပေးမိပါဘူး။
ကိုယ်တောင်မပျော်ရွှင်နေတာကို သူများကိုဘယ်လိုနှစ်သိမ့်နိုင်မှာလဲ။
ဖုန်းခဏခဏဆက်နေတဲ့သူကို( ကျနော့ချစ်သူမဟုတ်ပါ) လည်းမုန်းတယ်။
မသနားတတ်ဘူးဆိုတာလည်းသိနေရဲ့သားနဲ့ တော်တော်စိတ်အနှောက်အယှက်ဖြစ်ရတယ်။
ပျော်ရွှင်ရတာဆိုလို. ချစ်သူဖုန်းဆက်တဲ့နေ.တွေရယ်၊ ကျနော့အချစ်ဆုံးသူငယ်ချင်းလေး
အငယ်လေးနဲ့ တွေရတဲ့အချိန်တွေရယ်ပါပဲ။
သူနဲ့ကျနော့ကြားမှာ ဘာတာဝန်တွေမှချည်နှောင်မထားပါဘူး။


 
အစိမ်းရောင် ရက်စွဲများ © 2008. Template Design By: SkinCorner