လွန်ခဲ့တဲ့သူံးနှစ် July 15 ကလည်းဒီလိုရာသီဥတုပဲ
မိုးတွေသည်းသည်းမဲမဲရွာလိုက်ရပ်လိုက်နဲ့ပေါ့။

အဲ့ဒီအချိန်တုန်းကမိုးရာသီနဲ.လိုက်ပြီးရင်မအေးနိုင်ပဲပရိဒေ၀မီးတွေတောက်လောင်နေတဲ့သူ၃ယောက်ရှိတယ်။
ဝမ်းနည်းပူဆွေးမှုတွေကိုဖုံးအုပ်ပြီးအတည်ငြိမ်ဆုံးနဲ့လုပ်သင့်လုပ်ထိုက်တာတွေလုပ်နေရတဲ့တစ်နေ့ပေါ့။ဝမ်းနည်း
မှုတွေကို မျက်ရည်တွေအဖြစ်အသွင်ပြောင်းမလာအောင်ထိန်းသိမ်းရတာအရမ်းခက်တာပါပဲ။
စကားတွေ အများကြီးပြောနေပေမယ့်ဖေဖေပြောနေတာတွေမကြား၇တော့ဘူးဖေဖေ။.........''မင်းပြောချင်တာတွေ
ငါတို့အားလုံးနားလည်ပါတယ်၊စိတ်ကိုအေးအေးထား၊၀င်သက်ထွက်သက်ပေါ်မှာသတိကပ်ပါ"ဆိုတဲ့ငိုသံတစ်ဝက်ရောနဲ့
မေမေ၊အရွယ်ရောက်နေကြပေမယ့်အားငယ်မှုတွေ၊၀မ်းနည်းမှုတွေအပြည့်နဲ့သားနဲ့သမီးအသည်းတွေကြေအောင်
နာကျင်နေရပေမယ့်မျက်ရည်တွေမမြင်စေ၇ဘူးဖေဖေ။
သမီးနဲ့သား ဖေဖေ့ကိုကန်တော့ကြတယ်ဖေဖေအသက်ရှိစဉ်နောက်ဆုံးကန်တော့ခြင်း။
ဖေဖေနဲ့အတူရှိနေတဲ့အချိန်တွေတုန်းကဖေဖေ့ကိုချစ်တယ်လို
တစ်ခါမှတောင် မပြောမိခဲ့ဘူး။
အခုစိတ်ထဲကနေအကျယ်ကြီးပြောနေတယ်ဖေဖေ.......ဖေဖေ့ကိုသမီးချစ်တယ်
..............
သမီးတို့အတွက်နှောင်ကြိုးမတည်းပါနဲ့ဖေဖေ.......။
ချစ်သောသူနဲ့ကွေကွင်းရခြင်းဆိုတာဆင်းရဲလိုက်တာလို့ အဖန်တလဲလဲ
နှလုံးသွင်းနေမိတယ်။ ဘ၀တစ်လျှောက်လုံးဒီလောက်တစ်ခါမှ ပူပင်သောက
မရောက်ဖူးပါ။
July 15 ရဲ့နေတာက 2006 မှာအရှည်ဆုံးပဲထင်နေပါတယ်။ မေမေ ဖေဖေ့ကို နမ်းတယ်
တစ်သက်တာ အတွက် နောက်ဆုံးအနမ်း ။ သူတို့ကိုကြည့်ပြီးသံယောဇဉ်ရဲ့
ပူပန်ဆင်းရဲခြင်းကိုသိရတယ်။
မတိုက်ပါနဲ့လို.သမီးတားပေမယ့် မေမေ တိုက်လို့နောက်ဆုံးသောက်တဲ့
ကြက်ပေါင်းရည်တွေ၊ ဆေးတွေ.....
............မှတ်မိနေသေးတယ် "ငါ့သမီးကတကယ်ဟင်းချက်ကောင်းတယ် ဖေဖေကတော့
နေမကောင်းလို့ မစားနိုင်တော့ဘူး"တဲ့
သမီးလက်ရာကိုနောက်ဆုံးစားသွားတဲ့ဖေဖေ........................
ရှင်သန်ခြင်းနဲ့ သေဆုံးခြင်းကြားမှာ အသက်ကို ခက်ခက်ခဲခဲရှူ
နေရတဲ့ဖေဖေ့ကိုကြည့်ပြီး မသွားပါနဲ့လို.
မတားရက်ပါဘူးဖေဖေ.......ဒီအခြေအနေက အမြန်လွပ်မြောက်ပါစေလို့ ပဲဆုတောင်းနေမိတယ်။
ညနေ ၅ နာရီ၂၅ မိနစ် ဖေဖေထွက်သွားပြီ။ ဒီမိသားစု ဘ၀ထဲကနေအပြီးထွက်သွားပြီ။
ရင်ထဲမှာ ဘာမှမရှိတော့ဘုး ဟာလာဟင်းလင်းကြီးဖြစ်သွားပြီ။ ဘာသံမှလည်းမကြားတော့ဘူး။
ဘာမှလည်းမပြောချင်တော့ဘူး။.....အဝေးကနေ တိုးတိုးလေးကြားတယ် "ငိုချလိုက်
ငိုချလိုက်"တဲ့
ခပ်ကြမ်းကြမ်းဆွဲလှုပ်ခံရတယ်.............မတုံ့ပြန်နိုင်တော့ဘူး
အသံထွက်ဖို့အင်အားတွေမရှိတော့ဘူး။
မျက်လုံးထဲကနေ ပူပူအရည်တွေစီးကျလာတာပဲသိတယ်။ ဖေဖေ အေးချမ်းသွားပြီလား။
လွတ်မြောက်ပါစေ......ဖေဖေ......

နာကျင်ရလွန်းလို့ ဘယ်သူ့ကိုမှမပြောပြခဲ့ ပြန်လဲမတွေးဖြစ်ခဲ့တဲ့JULY 15
......၃ နှစ်ပြည့်အမှတ်တရ....

ဒီနေ.ရာသီဥတုကလဲမိုးတစိမ့်စိမ့် နဲ့ ဘာမှမထူးခြားသလိုပါပဲ။
ကျွန်တော့်မေမေတို့ငယ်ငယ်ကဆိုရင်ဒီနေ.တွေဆို ဥသြတွေဆွဲတယ်၊
ဝမ်းနည်းခြင်းအထိမ်းအမှတ်တစ်ခုခုတော့လုပ်ကြတယ်တဲ့။အဲ့ဒီဥသြတွေဆွဲပြီဆိုရင်
လမ်းမှာသွားနေတဲ့သူတွေကအလုပ်နေတဲ့သူတွေက ခနလောက်ရပ်နေကြတယ်တဲ့။
ဝမ်းနည်းခြင်း၊လေးစားသမှုတွေနဲ့ ခနလောက်ရပ်တန်.နေတဲ့သဘောပေါ့၊အခုတော့
ဘာဆိုဘာမှမထူးခြားတော့တဲ့နေ.တစ်နေ.လိုပဲ။ဒီလိုပဲတဖြည်းဖြည်းပျောက်ကွယ်
သွားရတော့မှာပေါ့။


ကျဆုံးသွားခဲ့ကြသော ဗိုလ်ချူပ်အောင်ဆန်းနှင့်တကွ အာဇာနည်ခေါင်းဆောင်ကြီးများကို ဦးညွှတ်အလေးပြုပါသည်
 
အစိမ်းရောင် ရက်စွဲများ © 2008. Template Design By: SkinCorner