ကျနော်တို့အိမ်မှာ မ
န္တလေးကယူလာတဲ့ခွေးစုတ်ဖွားလေး(ကျနော်တို့အခေါ် မဂျင်နီ) ကနေမွေးလာတဲ့
သမီးလေး ပြည့်ပြည့်ဆိုတာရှိတယ်။ သူ့ကိုလည်းခွေးတို့သဘာဝအတိုင်း
အာဝါဟ၀ိဝါဟလုပ်ပြီး သကာလ မွေးလာတော့ ကလေးလေးတွေ(၅) ကောင်တောင်။
ကလေးတွေအများကြီးမွေးရလို.ပြည့်ပြည့်ခမျာမှာလည်း
နှလုံးရောဂါရပြီးမောမောနေပါလေရော ဒါတင်မကသေးဘူး နှာရည်တရွဲရွဲနဲ့
အအေးမိသလိုဖျားသလို အမြဲဖြစ်
နေတော့တာ......ကျနော်တို.မိသားစုထုံးစံအတိုင်း ခွေးကိစ္စဆို
ကိုယ်ကိစ္စထက်ဦးစားပေးနေကျဆိုတော့ ၀ိုင်းပြီး
ဂရုစိုက်ကြ ဆေးခန်းပြကြနဲ့ပေါ့ ။မသက်သာပါဘူး။ဒါပေမယ့် ၁၀
ရက်လောက်လဲကြာရော အဲ့ရောဂါပျောက်သွား
တယ်ဗျ။ ဆေးခန်းပြတုန်းကမပျောက်ပဲအခုမှပျောက်တယ်ဆိုပြီး
တစ်မိသားစုလုံးဝမ်းသာနေကြတာပေါ့။နောက်မှ
ဖေဖေက ငါ.....မင်းတို့ကိုမပြောပဲ ၀ီစကီနဲ့
အောင်တမန်ဆေးကိုရောပြီးတိုက်လိုက်တာ တဲ့။ မသေကောင်း မပျောက်ကောင်းနော်
ခွေးနဲ့လူသဘောသဘာဝ တူမှမတူတာ.....ကျနော့်ဖေဖေက အဲ့လို...............
ကျနော့်ဖေဖေက တစ်ဦးတည်းသားပေမယ့် သူ့ရဲ့ဇာတိဖြစ်တဲ့
အုတ်တွင်းမြို.လေးမှာတော ၀မ်းကွဲမောင်နှမတွေကတော့ အများသား
...သူတို.တွေကချစ်လည်းချစ်ကြတယ် ဖေဖေ လာပြီဆိုရင်ကို ပျော်နေကြတာ။
ဖေဖေတို.မောင်နှမတွေထဲမှာ ညီမ အပျိုကြီး တစ်ယောက်ရှိတယ်။ ကျနော်တို. အခေါ်
အန်တီစိုး ပေါ့ သူကတိရစ္စာန်တွေကို အရမ်းချစ်တတ်တာ။ သူချစ်တာကမှ
ကျနော်တို.မိသားစုလို ခွေးကိုတောင်မဟုတ်ဘူး ကြက်၊ ဘဲ၊ ၀က်၊ခွေး၊ကြောင်
အကုန်ကိုချစ်တာ။ သူတို့အိမ်မှာဆိုရင်ကြောင်တွေ
ကြက်တွေက လူထမင်းစားနေရင် စားပွဲခုံပေါ်ထိကို လိုက်တက်ပြီးတော့တောင်းတာ။
အန်တီတို.အိမ်က
တိရစ္စာန်ရုံကြီးလို.ကျနော်ကစတိုင်း စိတ်ဆိုးသေးတယ်။
သူအိမ်ရောက်တော.သ.ူကြက်ဖကြီး နေမကောင်းလို.စိတ်ညစ်နေတယ်တဲ့ အဲံဒါနဲ.ဖေဖေက
ငါကုပေးမယ်ဆိုပြီး ကျနော်တို.ခွေးလိုပဲ အရက်နဲ့
အောင်တမန်တွေနဲ. တိုက်လိုက်ပါလေရော ........ကြက်ဖကြီးခမျာမှာ
အမူးသမားခြေလှမ်းတွေနဲ့ လေးငါး
လှမ်းလောက်လျှောက်ပြီး ၀ိုင်းကြီးပတ်ပတ်ဒူဝေေ၀လုပ်ပြီး
ဘုံးဘုံးလဲကျကာသေရှာပါလေတော့သတည်း..
ကျနော်တို.သားအဖလည်း အခြေအနေမကောင်းတာသိလို. ယောင်မလည်နဲံ
အိမ်ဘက်ကိုပြန်လာလိုက် တယ်။ နောက်မှသိရတာက အရက်တွေက ၀ီစကီမဟုတ်ပဲ
အလွယ်ရတဲံ့ မီးတောက်တွေတဲ့ဗျား..........
တိုက်လိုက်တဲ့ပမာဏ ကိုလည်းကြည့်အုံး
အကြမ်းပန်းကန်လုံးနဲံတစ်လုံးတဲံ့.................
.....................သနားလိုက်ပါဘိ ကိုရွှေကြက်.......................

မတက်ရရင်တော့၊ တစ်သက်ပါ့ မခံပေါင်တဲ့။
ကနစို တုံးတိုသစ်က၊ ကြွေးဟစ်ရန်ထောင်။
မနက်က အသေကောင်
သူတောင်မှ တက်နိုင်သေး။
ငါတုံးတို ကနစိုသားပေပါ့
ချောင်းဖျားကို ခါတစ်ခေါက်
ရောက်ရမယ်လေး တဲ့။

ဒီချောင်းမှာ ဒီတရားတဲ့
ကြားမှာပေါ့ ကျူရိုးရှင်။
ကနစို တုံးပျိုလှကို၊ နားချပါရှင်။
ဒီချောင်းကို ၀င်မိလျှင်
မထင်နဲ့ တစ်ခေါက်တည်း။
တက်တုံ သက်တုံနဲ့
တက်မကုန် သက်မစဲ၊ မောလောက်အောင်ပဲ။

ဒီချောင်းမှာ ဒီတရားတဲ့
ကြားမှာပေါ့ ကျူရိုးရှင်။
ကနစို တုံးပျိုလှကို၊ နားချပါရှင်။
ဒီချောင်းကို ၀င်မိလျှင်
တက်ချိန်တွင် ဆင်းနိုင်ပဲ။
ဆင်းချိန်မှာ တက်လိုလည်း၊ စောင့်ရစမြဲ။

မနက်က တက်တဲ့ဒီ၊ မမီလိုက်လေလည်း။ညဦးယံ ဒီပြန်တက်ပါလိမ့်
တက်စရာ ခက်ပါပဲ၊ ပန်းဗေဒါ နည်း။


ဆရာကြီးဇော်ဂျီရေးတဲ့ ဗေဒါလမ်း ကဗျာတွေထဲက ကဗျာတစ်ပုဒ်ပါ။
လေးစားရတဲ့သူတစ်ယောက်ရဲ့ အဖြစ်အပျက်တွေနဲ့အတူခံစားမိလို.ပါ။

လွန်ခဲ့တဲ့သူံးနှစ် July 15 ကလည်းဒီလိုရာသီဥတုပဲ
မိုးတွေသည်းသည်းမဲမဲရွာလိုက်ရပ်လိုက်နဲ့ပေါ့။

အဲ့ဒီအချိန်တုန်းကမိုးရာသီနဲ.လိုက်ပြီးရင်မအေးနိုင်ပဲပရိဒေ၀မီးတွေတောက်လောင်နေတဲ့သူ၃ယောက်ရှိတယ်။
ဝမ်းနည်းပူဆွေးမှုတွေကိုဖုံးအုပ်ပြီးအတည်ငြိမ်ဆုံးနဲ့လုပ်သင့်လုပ်ထိုက်တာတွေလုပ်နေရတဲ့တစ်နေ့ပေါ့။ဝမ်းနည်း
မှုတွေကို မျက်ရည်တွေအဖြစ်အသွင်ပြောင်းမလာအောင်ထိန်းသိမ်းရတာအရမ်းခက်တာပါပဲ။
စကားတွေ အများကြီးပြောနေပေမယ့်ဖေဖေပြောနေတာတွေမကြား၇တော့ဘူးဖေဖေ။.........''မင်းပြောချင်တာတွေ
ငါတို့အားလုံးနားလည်ပါတယ်၊စိတ်ကိုအေးအေးထား၊၀င်သက်ထွက်သက်ပေါ်မှာသတိကပ်ပါ"ဆိုတဲ့ငိုသံတစ်ဝက်ရောနဲ့
မေမေ၊အရွယ်ရောက်နေကြပေမယ့်အားငယ်မှုတွေ၊၀မ်းနည်းမှုတွေအပြည့်နဲ့သားနဲ့သမီးအသည်းတွေကြေအောင်
နာကျင်နေရပေမယ့်မျက်ရည်တွေမမြင်စေ၇ဘူးဖေဖေ။
သမီးနဲ့သား ဖေဖေ့ကိုကန်တော့ကြတယ်ဖေဖေအသက်ရှိစဉ်နောက်ဆုံးကန်တော့ခြင်း။
ဖေဖေနဲ့အတူရှိနေတဲ့အချိန်တွေတုန်းကဖေဖေ့ကိုချစ်တယ်လို
တစ်ခါမှတောင် မပြောမိခဲ့ဘူး။
အခုစိတ်ထဲကနေအကျယ်ကြီးပြောနေတယ်ဖေဖေ.......ဖေဖေ့ကိုသမီးချစ်တယ်
..............
သမီးတို့အတွက်နှောင်ကြိုးမတည်းပါနဲ့ဖေဖေ.......။
ချစ်သောသူနဲ့ကွေကွင်းရခြင်းဆိုတာဆင်းရဲလိုက်တာလို့ အဖန်တလဲလဲ
နှလုံးသွင်းနေမိတယ်။ ဘ၀တစ်လျှောက်လုံးဒီလောက်တစ်ခါမှ ပူပင်သောက
မရောက်ဖူးပါ။
July 15 ရဲ့နေတာက 2006 မှာအရှည်ဆုံးပဲထင်နေပါတယ်။ မေမေ ဖေဖေ့ကို နမ်းတယ်
တစ်သက်တာ အတွက် နောက်ဆုံးအနမ်း ။ သူတို့ကိုကြည့်ပြီးသံယောဇဉ်ရဲ့
ပူပန်ဆင်းရဲခြင်းကိုသိရတယ်။
မတိုက်ပါနဲ့လို.သမီးတားပေမယ့် မေမေ တိုက်လို့နောက်ဆုံးသောက်တဲ့
ကြက်ပေါင်းရည်တွေ၊ ဆေးတွေ.....
............မှတ်မိနေသေးတယ် "ငါ့သမီးကတကယ်ဟင်းချက်ကောင်းတယ် ဖေဖေကတော့
နေမကောင်းလို့ မစားနိုင်တော့ဘူး"တဲ့
သမီးလက်ရာကိုနောက်ဆုံးစားသွားတဲ့ဖေဖေ........................
ရှင်သန်ခြင်းနဲ့ သေဆုံးခြင်းကြားမှာ အသက်ကို ခက်ခက်ခဲခဲရှူ
နေရတဲ့ဖေဖေ့ကိုကြည့်ပြီး မသွားပါနဲ့လို.
မတားရက်ပါဘူးဖေဖေ.......ဒီအခြေအနေက အမြန်လွပ်မြောက်ပါစေလို့ ပဲဆုတောင်းနေမိတယ်။
ညနေ ၅ နာရီ၂၅ မိနစ် ဖေဖေထွက်သွားပြီ။ ဒီမိသားစု ဘ၀ထဲကနေအပြီးထွက်သွားပြီ။
ရင်ထဲမှာ ဘာမှမရှိတော့ဘုး ဟာလာဟင်းလင်းကြီးဖြစ်သွားပြီ။ ဘာသံမှလည်းမကြားတော့ဘူး။
ဘာမှလည်းမပြောချင်တော့ဘူး။.....အဝေးကနေ တိုးတိုးလေးကြားတယ် "ငိုချလိုက်
ငိုချလိုက်"တဲ့
ခပ်ကြမ်းကြမ်းဆွဲလှုပ်ခံရတယ်.............မတုံ့ပြန်နိုင်တော့ဘူး
အသံထွက်ဖို့အင်အားတွေမရှိတော့ဘူး။
မျက်လုံးထဲကနေ ပူပူအရည်တွေစီးကျလာတာပဲသိတယ်။ ဖေဖေ အေးချမ်းသွားပြီလား။
လွတ်မြောက်ပါစေ......ဖေဖေ......

နာကျင်ရလွန်းလို့ ဘယ်သူ့ကိုမှမပြောပြခဲ့ ပြန်လဲမတွေးဖြစ်ခဲ့တဲ့JULY 15
......၃ နှစ်ပြည့်အမှတ်တရ....

ဒီနေ.ရာသီဥတုကလဲမိုးတစိမ့်စိမ့် နဲ့ ဘာမှမထူးခြားသလိုပါပဲ။
ကျွန်တော့်မေမေတို့ငယ်ငယ်ကဆိုရင်ဒီနေ.တွေဆို ဥသြတွေဆွဲတယ်၊
ဝမ်းနည်းခြင်းအထိမ်းအမှတ်တစ်ခုခုတော့လုပ်ကြတယ်တဲ့။အဲ့ဒီဥသြတွေဆွဲပြီဆိုရင်
လမ်းမှာသွားနေတဲ့သူတွေကအလုပ်နေတဲ့သူတွေက ခနလောက်ရပ်နေကြတယ်တဲ့။
ဝမ်းနည်းခြင်း၊လေးစားသမှုတွေနဲ့ ခနလောက်ရပ်တန်.နေတဲ့သဘောပေါ့၊အခုတော့
ဘာဆိုဘာမှမထူးခြားတော့တဲ့နေ.တစ်နေ.လိုပဲ။ဒီလိုပဲတဖြည်းဖြည်းပျောက်ကွယ်
သွားရတော့မှာပေါ့။


ကျဆုံးသွားခဲ့ကြသော ဗိုလ်ချူပ်အောင်ဆန်းနှင့်တကွ အာဇာနည်ခေါင်းဆောင်ကြီးများကို ဦးညွှတ်အလေးပြုပါသည်
 
အစိမ်းရောင် ရက်စွဲများ © 2008. Template Design By: SkinCorner